|
|
 |
|
 |
|

ဖိတ်ကြားအပ်ပါသည်… အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ကျောင်းအသီးသီး၌ ဝါဆို-
ဝါကပ်တော်မူကြသည့် သံဃာတော် (၁၄)ပါးတို့သည် သီတင်းကျွတ်လပြည့် (၁၂. ၁၀. ၂၀၁၁)
ဗုဒ္ဓဟူးနေ့တွင် အလှည့်ကျရာ လန်ဒန်ဝိဟာရကျောင်းသို့ စုပေါင်း-ပဝါရဏာ ပြုတော်မူကြပြီး
အဘိဓမ္မာ အခါတော်နေ့ကိုလည်း ကျင်းပပူဇော်ကြမည် ဖြစ်ပါသည်။ သံဃဒါန အလှူတော်များကို
လှူဒါန်းလိုသော ပုဂ္ဂိုလ်များနှင့် အဘိဓမ္မာတရားတော်တို့ကို ပူဇော်နာကြားလိုကြသော
ပုဂ္ဂိုလ်တို့သည် အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်များ။ ။
(၁) နံနက် (၁၁)နာရီတွင် သံဃာတော်တို့နှင့် ကြွရောက်ကြသော လူပုဂ္ဂိုလ်တို့အား
မောင်မျိုးခိုင်သင်း-မပွင့်ဖြူစိုး. ညီမ ထက်ထက်စိုးတို့က ဆွမ်းဒါန ပြုမည်ဖြစ်ပါသည်။
(၂) နေ့ (၁)နာရီတွင် သံဃာတော်များ ပဝါရဏာ ပြုတော်မူကြပါမည်။
(၃) နေ့ (၁-နာရီ ၃၀)တွင် အဘိဓမ္မာအခါတော်ဖွင့်၍ အဘိဓမ္မာတရားတော်တို့ကို
စုပေါင်းပူဇော်ကြပါမည်။
(၄) ကြွရောက်တော်မူကြသည့် သံဃာတော်တို့အား သံဃဒါန လောင်းလှူခြင်း စာရေးတန်မဲ
လှူဒါန်းခြင်းပြု၍ ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုတ်သိမ်းပါမည်။
ကျင်းပရာဌာန ။ ။ လန်ဒန်ဝိဟာရကျောင်း…(1, Old Church Lane, NW9 8TG) Tel: 020 8200 6898
နေ့ရက် ။ ။ သီတင်းကျွတ်လပြည့် (၁၂.၁၀.၂၀၁၁) ဗုဒ္ဓဟူးနေ့…
ပဝါရဏာ ပြုတော်မူကြသည့် သံဃာတော်တို့အား ခရီးစရိတ် တစ်ပါးလျှင် £=၃၀၊ လှူမည်ဖြစ်၍
အလှူရှင်တို့အား ဖိတ်ခေါ်အပ်ပါသည်။ စာရေးတန်မဲ လှူလိုသူများကိုလည်း ဖိတ်ခေါ်အပ်ပါသည်။
ဖြစ်မြောက်ရေးအဖွဲ့.
လန်ဒန်ဝိဟာရကျောင်း
ဖိတ်စာကို ဒီနေရာမှလည်း ရယူနိုင်ပါသည်။
|
|
 |
|
 |
|
|
|
|
|
|
 |
BURMESE EMBROIDERY |
 |
|
LUCKY ELEPHANT

LUCKY ELEPHANTS

TIGER WITH FLYING HORSE & ELEPHANT

KAIN-NA-YI

FLOWER BASKET

|
|
 |
|
 |
|
|
|
|
|
|
|
|
|
|